ပွဲစစချင်း ဂိုးသွင်းခံရမယ့် ကိန်း
03-Jul-2017ဆေးစတိုးဆိုင်သို့ လူငယ်တစ်ဦးရောက်လာပြီး မန်နေဂျာအား -
“ ဆရာတို့ဆိုင်မှာ ငွေကိုင်လိုတယ်ကြားလို့ လာလျှောက်တာပါဆရာ”
“ ဟုတ်ကဲ့ .. ခဏထိုင်ပါဦး။ ကံကောင်းရင် ခင်ဗျားတစ်ခါတည်း အလုပ်ရသွားမှာပါ။ နေဖို့စားဖို့လည်း မပူရဘူး”
“ မြန်လှချည်းလားဆရာ”
“ မြန်ဆို အရင်ငွေကိုင်က စာရင်းတွေ လိမ်ပြီး ငွေတွေ သုံးသွားလို့ အဲဒီစာရင်းတွေ ခင်ဗျားရှင်းပေးဖို့ပါ”
“ဟိုက်”
Credit :မှူးအိမ်ဇင်